DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမလိုက်နာသည့် စက်သုံးဆီဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်းအရေးယူ
DVB
·
March 31, 2026
Photo: DVB
Photo: DVB
Donate to DVB

သတ်မှတ်ချက်တွေအတိုင်း မရောင်းချတဲ့ စက်သုံးဆီဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်း အရေးယူထားပြီး နောက်ထပ် ၂၄ ဆိုင်ကို ပြင်းပြင်းထန်ထန် သတိပေးထားတယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက မတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဆိုင်ပိတ်ထားတာ၊ Scan မဖတ်ဘဲ ရောင်းတာ၊ ဈေးတင်ရောင်းတာ၊ တရားမဝင်ရောင်းတာတို့ကို သတင်းပေးတိုင်ကြားလာတဲ့အပေါ် အရေးယူတာလို့ ဆိုပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့နယ်က TGB၊ ပုဗ္ဗသီရိမြို့နယ်က ရွှေပိုး၊ Terminal 001၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က Away၊ အမရပူရမြို့နယ်က အောင်ဗိုလ်ဟိန်း၊ စဉ့်ကိုင်မြို့နယ်က စိန်စီအောင်၊ ပြည်ကြီးတံခွန်မြို့နယ်က အောင်သန်းကျော်၊ အောင်သိဒ္ဓိ၊ ရွှေခြင်္သေ့၊ မိုးကောင်းကင်၊ စွမ်းအင်၊ ရန်ကုန်တိုင်း သန်လျင်မြို့နယ်က Apex၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က BOC ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်က စွမ်းမြန်မာ၊ ညောင်ပင်ဆိပ်ရပ်ကွက်က Parent Love- 01၊ ကျိုက်မရောမြို့နယ်က Puma Power၊ ပေါင်မြို့နယ်က မင်းသန့်-၉၊ စုစုပေါင်း ၁၇ ဆိုင်ကို ယာယီပိတ်သိမ်းတာနဲ့ ဆိုင်တာဝန်ရှိသူတွေကို အရေးယူထားတယ်လို့ ဆိုပါတယ်။

Barcode/ QR Code နဲ့ ရောင်းချနေတာကိုလည်း Online Monitoring Center ကနေ စောင့်ကြည့်နေပြီး Scan မဖတ်ဘဲရောင်းနေတဲ့ နေပြည်တော်က စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်၊ ရန်ကုန်တိုင်း‌က ၄ ဆိုင်၊ မန္တလေးတိုင်းက ၁၀ ဆိုင်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ၇ ဆိုင်တို့ကိုလည်း ပြင်းပြင်းထန်ထန် သတိပေးထားပြီး နောက်တကြိမ်ထပ်လုပ်ပါက ထိထိရောက်ရောက် အရေးယူမယ်လို့ ဆိုပါတယ်။

အခုလို ဆီဆိုင်တွေကို ယာယီပိတ်တဲ့အတွက် ဝယ်ယူနိုင်မဲ့ ဆီဆိုင်လျော့သွားပြီး ပိုခက်ခဲလာမှာ ဖြစ်ပါတယ်။

ဆီဝယ်တာမှာ ကြုံရတဲ့အခက်အခဲတွေကို စွမ်းအင်ဝန်ကြီးဌာနရဲ့ Call Center ဖုန်းအမှတ် ၀၉ ၄၄၀၄၃၃၃၂၄ နဲ့ ၀၉ ၈၉၉၁၂၉၂၉၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး တိုင်ကြားမယ်ဆိုရင်တော့ သတင်းအချက်အလက်နဲ့ အထောက်အထားစာရွက်စာတမ်းတွေ၊ Video file တွေကို Viber ဖုန်းအမှတ် ၀၉ ၄၀၁၇၄၈၅၉၈ ကို ပေးပို့တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013