DVB Logo
Home
မြန်မာသတင်း
ဒဂုံစီးတီးစီမံကိန်း စတင်ရေး ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သုံးသပ်ချက်ပေါ်မူတည်ဟုဆို
DVB
·
June 13, 2015
ဒဂုံစီးတီးစီမံကိန်း စတင်ရေး ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သုံးသပ်ချက်ပေါ်မူတည်ဟုဆို
Donate to DVB

ကန့်ကွက်ဝေဖန်သူများနေတဲ့ ရန်ကုန်မြို့က ဒဂုံစီးတီးစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ သုံးသပ်မှုအပေါ် မူတည်တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အင်ဂျင်နီယာကောင်စီတို့၊ ဗိသုကာကောင်စီတို့နဲ့ ပြန်လည်လေ့လာသုံးသပ်မှုတွေ လုပ်နေတာရှိတယ်။ MIC ရဲ့ သုံးသပ်ချက်အပေါ်မူတည်ပြီးတော့မှ အစိုးရက ဆောင်ရွက်မှာပေါ့။ အစီရင်ခံစာကို မမြင်ရသေးတော့ ကျနော်လည်း ကြိုမပြောနိုင်ဘူးပေါ့” လို့ ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန်မြို့က စစ်ရုံးချုပ်နေရာဟောင်းမှာ ဆောက်လုပ်ရေး စီမံကိန်းတွေ ပြုလုပ်မယ်ဆိုရင် ရွှေတိဂုံစေတီတော်ကို ထိခိုက်နိုင်တယ်ဆိုပြီး ဝေဖန်ကန့်ကွက်နေကြတာပါ။

ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို နားလည်တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပေးထားတဲ့ကိစ္စတခုကို ပြန်လုပ်တဲ့အခါမှာ ရင်နှီးမြှုပ်နှံမှု ဥပဒေနဲ့လည်း ညီရမယ်။ ပြည်သူတွေ စိုးရိမ်မှုမဖြစ်အောင်လည်း တားဆီးပေးနိုင်ရမယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေရဲ့ ယုံကြည်မှုလည်း ပျက်ပြားမသွားစေရဘူး။ ဒီလိုအချက်တွေပေါ် မူတည်ပြီးတော့မှ အစိုးရအဖွဲ့အနေနဲ့ အကောင်းဆုံး ဆုံးဖြတ်မှာပေါ့” လို့ သူက ပြောပါတယ်။

ဒီစီမံကိန်းကို ပြန်သုံးသပ်ဖို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုတင်ခဲ့ပေမယ့် ထောက်ခံသူနည်းတဲ့အတွက် အတည်မဖြစ်ခဲ့ပါဘူး။ ပြည်သူ့လွှတ်တော်မှာတော့ ဒီအဆိုကိုပဲ မကြာခင် ရက်ပိုင်းမှာ တင်သွင်းခွင့်ရထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013