DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို သမ္မတကိုယ်စား ဦးရဲထွဋ် ဂုဏ်ပြုချီးကျူး
DVB
·
November 11, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို သမ္မတကိုယ်စား ဦးရဲထွဋ် ဂုဏ်ပြုချီးကျူး
Donate to DVB

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သမ္မတရဲ့ ကိုယ်စား ဂုဏ်ပြုချီးကျူးပါတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲအပြီး အစိုးရဘက်က တရားဝင် ပထမဆုံး တုံ့ပြန်ချက်လည်း ဖြစ်ပါတယ်။

စီအန်အန်ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ဦးရဲထွဋ်က သမ္မတ အနေနဲ့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းတွေကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

၁၉၉၀ တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးတဲ့ အခြေအနေမျိုးမှာ အာဏာလွှဲပြောင်းရေး အဆင်မပြေခဲ့ပေမယ့် အခုအခါမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ ရှိနေပြီဖြစ်လို့ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရမယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေးစားမယ်လို့ အကြိမ်ကြိမ် ပြောပြီးဖြစ်လို့ ၁၉၉၀ တုန်းကလို မဖြစ်နိုင်ဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013