DVB Logo
Home
မြန်မာသတင်း
မဲဆွယ်တဲ့ကိစ္စ မှန်သမျှ ကျနော်တို့ သတင်းမရေးဘူး - ဦးရဲထွဋ် (ရုပ်သံ)
DVB
·
November 2, 2015
မဲဆွယ်တဲ့ကိစ္စ မှန်သမျှ ကျနော်တို့ သတင်းမရေးဘူး - ဦးရဲထွဋ် (ရုပ်သံ)
Donate to DVB

မဲဆွယ်တဲ့ကိစ္စမှန်သမျှ သတင်းမရေးပါဘူးလို့ မန္တလေးမြို့ ဆီဒိုးနားဟိုတယ် ခန်းမမှာ နိုဝင်ဘာ ၁ ရက် နေ့လယ်က ပြုလုပ်တဲ့ ဘီဘီစီရဲ့ မေးဖြေစရာ ဒီချိန်ခါ အစီအစဉ်မှာ ပရိသတ်တယောက်ရဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြချက်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဖြေကြားသွားပါတယ်။

ဦးရဲထွဋ်က “အစိုးရတရပ်ရဲ့အောက်က ၀န်ကြီးဌာနတခုသည် ဘက်လိုက်မှုများ ရှိမလားဆိုတဲ့ အန်ဂယ် (Angle) ကနေ ကြည့်ပြီးတော့ ကျနော့်တို့အပေါ်မှာလည်း မယုံကြည်မှုတွေရှိပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကျနော်တို့ စာနယ်ဇင်းဆရာတွေနဲ့ တွေ့တဲ့အခါလည်း ကျနော် ပြောပြပါတယ်။ သတင်းလွတ်လပ်ခွင့် အခမ်းအနားမှာလည်း ကျနော် တရားဝင်ပြောပါတယ်၊ သတင်းလည်း ထုတ်ပြန်ပါတယ်။ ကျနော်တို့ရဲ့ မူဝါဒကတော့ ရှင်းပါတယ်၊ ၁ ကတော့ ဘယ်သူမှ မဲဆွယ်တဲ့ကိစ္စ မှန်သမျှ ကျနော်တို့ သတင်းမရေးပါဘူး။ ၂ ကတော့ ၉၁ ပါတီလုံးရဲ့ မူဝါဒ ထုတ်ပြန်ချက်တွေကို ရုပ်မြင်သံကြားမှာ တူညီတဲ့ Air Time အသံလွှင့်ချိန်ပေးမယ်၊ ထုတ်လွှင့်ချိန်ပေးမယ်၊ သတင်းစာတွေမှာ တူညီတဲ့ ကော်လံနဲ့ ထုတ်ပေးမယ်။ ဒါပဲ ကျနော်တို့ လုပ်နိုင်မှာ။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ဒုတိယသမ္မတတွေ ရွေးကောက်ပွဲဝင်လို့ရှိရင် သူတို့ရဲ့ မဲဆန္ဒနယ်မှာ သွားပြီးတော့ အလုပ်လုပ်နေတာ ရှိပါတယ်။ အခု ရွေးကောက်ပွဲ ကမ်ပိန်းစတဲ့ အချိန်ကစပြီးတော့ သူတို့ ရွေးကောက်ပွဲ နယ်မြေတွေမှာ သွားပြီးတော့ လုပ်ကိုင်နေတဲ့ ၀န်ကြီးဌာန တာဝန်နဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံတော်တာဝန်နဲ့ပဲဖြစ်ဖြစ် သွားပြီးတော့ လုပ်ကိုင်တာမှန်သမျှ ကျနော်တို့ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။” လို့ ပြောသွားခဲ့တာပါ။

ဦးရဲထွဋ် ပြောကြားချက်အပြည့်အစုံကို ရုပ်သံဖိုင်တွင် နားဆင်နိုင်ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013