DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း-ဆွီဒင် ကာကွယ်ရေးသဘောတူညီမှု စတင်
DVB
·
May 30, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဂရစ်ပန်ဂျက်လေယာဉ် ဝယ်ယူရေးအပါအဝင် ယူကရိန်းနဲ့ ဆွီဒင်နိုင်ငံတို့ဟာ အဓိက ကာကွယ်ရေး သဘောတူညီမှုတွေ စတင်ခဲ့ပါတယ်။

ယူကရိန်းဟာ လာမဲ့နှစ်မှာ ဂရစ်ပန်ဂျက်လေယာဉ် အစီး ၂၀ ဝယ်ယူမှာဖြစ်ပြီး ဆွီဒင်နိုင်ငံက မော်ဒယ် အဟောင်း ၁၆ စင်းကို လှူဒါန်းမယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ဂျက်လေယာဉ် ၁၅၀ လုံး ဝယ်ယူဖို့ အစီအစဉ်ရှိနေတယ်လို့လည်း ပြောဆိုထားပြီး နောက် ၁၀ လအကြာမှာ ဂရစ်ပန်ဂျက်လေယာဉ်တွေ ရမယ်လို့ မျှော်လင့်နေတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဇလန်းစကီးက ပက်ထရီးယော့ဒုံးကျည် ထုတ်လုပ်ခွင့်လိုင်စင် ရချင်ကြောင်း ပြောခဲ့ ပါသေးတယ်။

ဇလန်းစကီးက“ကျနော်တို့ အသက်ရှင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ လူတွေကို ကယ်တင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့အချိန်အခါမှာ အမေရိကန်က ဘလစ်စတစ် ကာကွယ်ရေးတွေ ထုတ်လုပ် ပါတယ်။ ပက်ထရီးယော့ ဒုံးကျည်တွေနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေး ခဲ့ဖူးပါတယ်။ သမ္မတ ထရမ့်ပ် နဲ့လည်း ဆက်ပြီး ဆွေးနွေးမှာပါ။ ပက်ထရီးယော့ ဒုံးကျည် ထုတ်လုပ်တာနဲ့ ပတ်သက်ပြီး ထုတ်လုပ်ခွင့်လိုင်စင် ရချင်ပါတယ်။ ဒီလိုရမှသာ တခြားနိုင်ငံတွေ လိုအပ်တဲ့အခါ ကူညီနိုင်မှာပါ။ အခု အရှေ့အလယ်ပိုင်းကိုကြည့်ပါ။ လူတိုင်းက ဒီလို အကူအညီ လိုပါတယ်။ အနာဂတ်မှာ ယူကရိန်းနိုင်ငံက PAC-3 လိုင်စင်ရမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

အီးယူချေးငွေ ဘီလီယံ ၉၀ ထဲက ယူရို ၂ ဒသမ ၅ ဘီလီယံကို လေယာဉ်ပျံတွေဝယ်ဖို့ လျာထား တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

အသစ်ထုတ် ဂရစ်ပန်ဂျက်လေယာဉ်တွေကို ၂၀၃၀ ခုနှစ်မှာ ရရှိဖို့လည်း ယူကရိန်းနိုင်ငံက မျှော်လင့် နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013