DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အကြီးဆုံး ပန်းရထားပွဲတော် ဗန်ဂိုးမွေးရပ်မြေ၌ ကျင်းပ
DVB
·
September 7, 2026
ကမ္ဘာ့အကြီးဆုံး ပန်းရထားပွဲတော် ဗန်ဂိုးမွေးရပ်မြေ၌ ကျင်းပ
1 / 10
Photo: Reuters
Donate to DVB

ကမ္ဘာ့အကြီးဆုံး ပန်းရထားလှည့်ပွဲကို နယ်သာလန်နိုင်ငံ Zundert မြို့မှာ စက်တင်ဘာ ၆ ရက်က ကျင်းပခဲ့ပြီး ဧရာမပန်းရထားကြီး အစင်း ၂၀ မြို့လယ်လမ်းတွေတလျှောက် လှည့်လည်ခဲ့ပါတယ်။

နာမည်ကျော် ပန်းချီဆရာ ဗင်းဆင့် ဗန်ဂိုး မွေးဖွားရာ ဒီမြို့မှာ Corso Zundert ပွဲတော်ကို ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် နှစ် ၉၀ ပြည့်ခဲ့ပါတယ်။

ဒေသခံအဖွဲ့ ၂၀ က လနဲ့ချီ ပြင်ဆင်ခဲ့ပြီး ပင်လယ်ဓားပြ၊ သဘာဝရှုခင်း၊ အလယ်ခေတ်နဲ့ အာရှယဉ်ကျေးမှု အပါအဝင် ပုံစံမျိုးစုံ ဖန်တီးခဲ့ကြပါတယ်။

ပန်းရထားတစင်းစီကို ဒေလီယာ ပန်းပွင့် ၅ သိန်းခန့်နဲ့ ဆင်ယင်ထားပြီး ပွဲမစခင် နောက်ဆုံးရက်ပိုင်းမှာ စေတနာ့ဝန်ထမ်းတွေ အလှည့်ကျ တပ်ဆင်ခဲ့ကြပါတယ်။

ဧရာမမျှော်စင်တွေ၊ ထူးဆန်းတဲ့ သတ္တဝါပုံစံတွေနဲ့ ရောင်စုံပန်းပွင့်တွေက ပွဲကြည့်ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။

ပွဲစီစဉ်သူ ယောရစ် ဟာဗာမန်စ် ကလည်း ပန်းရထားတည်ဆောက်တဲ့အလုပ်ဟာ ဒေသခံတွေအတွက် အရေးပါတဲ့ လူမှုဘဝအစိတ်အပိုင်းတခုလို့ ပြောပါတယ်။

ဒီပန်းရထားလှည့်ပွဲကို ၁၉၃၆ ခုနှစ်မှာ နယ်သာလန်ဘုရင်မ ဝီလ်ဟယ်လ်မီနာကို ဂုဏ်ပြုဖို့ စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလမှာ ရပ်နားခဲ့ပါတယ်။

၂၀၂၆ ပြိုင်ပွဲမှာ Stuivezand ဒေသခံအဖွဲ့ရဲ့ “The Sea As a Mirror” ပန်းရထားက ပထမဆု ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013