ဗြိတိန်ရေတပ် ရဟတ်ယာဉ်ပျက်ကျပြီး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
DVB
·
June 4, 2026
အင်္ဂလန်အနောက်တောင်ပိုင်းမှာ ဗြိတိန်တော်ဝင်ရေတပ် ရဟတ်ယာဉ်တစင်း ပျက်ကျလို့ တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားပါတယ်။
ဇွန် ၃ ရက်မှာ အာဏာပိုင်တွေဟာ ရဟတ်ယာဉ် အပျက်စီး အကြွင်းအကျန်တွေကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးနေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောပါတယ်။
မနေ့ မနက် ၄ နာရီမတိုင်ခင်လေးမှာ ဒဲဗွန်းနယ်၊ ဆောတန်ကျေးရွာအနီးမှာ ရဟတ်ယာဉ် လေ့ကျင့်ရေးဆင်းနေတုန်း တော်ဝင်ရေတပ်က တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားခဲ့ရတဲ့အတွက် အလွန်ပဲဝမ်းနည်းကြေကွဲရပါတယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။










