DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်ရေပိုင်နက်ရှိ တရုတ်စစ်သင်္ဘော၏ လှုပ်ရှားမှုကို အမေရိကန်ကုမ္ပဏီက ရုပ်သံ ရိုက်ကူး
DVB
·
July 30, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပင်လယ်ဒရုန်းတစင်းက ဖိလစ်ပိုင် သီးသန့်စီးပွားရေးဇုန်ထဲမှာ လှုပ်ရှားနေတဲ့ တရုတ်စစ်သင်္ဘော တစင်းနဲ့ နီးနီးကပ်ကပ် မောင်းနှင်ပြီး ရုပ်သံဗီဒီယိုရိုက်ကူးခဲ့တယ်လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအခြေစိုက် ဒရုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတခုက ပြောပါတယ်။

အမေရိကန်ပုဂ္ဂလိကကုမ္ပဏီလေး တခုက မှတ်တမ်းတင်ထားတဲ့ ပထမဆုံးလို့ ယုံကြည်ရတဲ့ ဗီဒီယို ကို ရိုက်ကူးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အလိုအလျောက်မောင်းနိုင်တဲ့ ရေယာဉ်တွေ ထုတ်လုပ်တဲ့ ၆ နှစ်သက်တမ်းရှိသူ Seasats ကုမ္ပဏီက သူ့ရဲ့ Lightfish ဒရုန်းဟာ တရုတ်ပြည်မကြီးအစိုးရရဲ့ စစ်ရေးတည်ရှိမှုအရ ဒေသတွင်း တင်းမာမှု တွေရဲ့ အရင်းအမြစ်တခု ဖြစ်လာတဲ့ လူဇွန်ကျွန်းကမ်းလွန်ရေပြင်က တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ Type 052D ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော တစင်းဆီ ချဉ်းကပ်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ပြီးခဲ့တဲ့နှစ်က ဒေသတွင်းမှာ တရုတ်စစ်သင်္ဘောတွေ အပါအဝင် တရုတ် ရေကြောင်းတပ်ဖွဲ့တွေ ပိုရှိနေတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သတင်းပို့ခဲ့ပါတယ်။

Seasats ကုမ္ပဏီရဲ့ ရုပ်သံဟာ စစ်ပွဲရဲ့ ပြောင်းလဲနေတဲ့ သဘောသဘာဝကို ဖော်ပြတာထက်စာရင် တရုတ်သင်္ဘောကို ပြတာ ပိုထင်ရှားနေပါတယ်။

ဒေါ်လာ ၂၄၀,၀၀၀ လောက် ကုန်ကျတဲ့ ဒရုန်းလေးတခုက ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ စစ်သင်္ဘော တစင်းနားကို ကပ်နိုင်ပြီး သီအိုရီအရ ခြိမ်းခြောက်နိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013