
အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမြို့ဟာ မေ ၂၅ ရက်မှာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတဲ့ အပူချိန်တွေကို ရင်ဆိုင်ခဲ့ပြီး မေ ၂၇ ရက်အထိ မြို့တော်နဲ့ နိုင်ငံမြောက်ပိုင်းဒေသမှာ ပြင်းထန်တဲ့ အပူလှိုင်းတခု ကျရောက်နိုင်တယ်လို့ မိုးလေဝသရုံးက သတိပေးပါတယ်။
လူနာ ရာပေါင်းများစွာနဲ့ ဆွေမျိုးတွေဟာ အပူနဲ့ဆက်စပ်တဲ့ ရောဂါတွေကို ကုသဖို့ နယူးဒေလီမြို့တော်က ရမ်မာနိုဟာ ဆေးရုံအပြင်ဘက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြပါတယ်။
လူတွေက ပြင်းထန်တဲ့ ရာသီဥတုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အခမဲ့ အစားအစာနဲ့ ရေတွေကို ဝေငှဖို့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဆိုင်ခန်းတွေဖွင့်ရင်း အစားအစာနဲ့ ရေတွေကို အခမဲ့ ပေးနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ၂၀၂၅ ခုနှစ် မတ်လကနေ ဇွန်လအတွင်း အပူရှပ်သူလို့ သံသယရှိသူ ၇,၀၀၀ ကျော်ရှိပြီး ၁၄ ယောက် သေဆုံးခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။
အမြင့်ဆုံးအပူချိန်က မြေပြန့်ဒေသတွေမှာ အနည်းဆုံး ၄၀ ဒီဂရီစင်တီဂရိတ်ရှိပြီး တောင်ကုန်းဒေသတွေမှာ ၃၀ ဒီဂရီစင်တီဂရိတ် ရှိနေလို့ အပူလှိုင်းလို့ အိန္ဒိယ မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။
Source: Reuters










