ဘာဂါမိုမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား Play-off ဆီမီးဖိုင်နယ်မှာ အိမ်ရှင်အီတလီက မြောက်အိုင်ယာလန်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲ ဗိုလ်လုပွဲကို တက်လှမ်းသွားပါတယ်။
ပွဲကစားချိန် ၅၆ မိနစ်မှာ တိုနာလီက အဝေးကနေ ကန်သွင်းပြီး အဖွင့်ဂိုး စတင်ပေးခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ မွိုက်စ်ကင်းက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့တာပါ။
မြောက်အိုင်ယာလန် လူငယ်အသင်းဟာ ပျမ်းမျှအသက် ၂၂ နှစ်ခွဲသာရှိပေမဲ့ အီတလီကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် နှစ်ပေါင်း ၄၀ ကြာမှ ပြန်ရမဲ့ ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်ခဲ့ရတာပါ။
အီတလီကတော့ လာမဲ့ အင်္ဂါနေ့မှာ ဝေးလ်ကိုနိုင်ခဲ့တဲ့ ဘော့စနီးယားနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။










