ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်အနီး ဂိုဒေါင်များ မီးလောင်
DVB
·
September 1, 2026

ရုရှားရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စတိုယန်ကာရွာမှာ မီးလောင်ခဲ့ပြီးတဲ့နောက် သြဂုတ် ၃၁ ရက်က ကိယက်ဗ်ဒေသက ဂိုဒေါင်တွေရဲ့ အထက်ကောင်းကင်မှာ မီးခိုးတွေ ထူထူထပ်ထပ် မြင့်တက် လာတယ်လို့ အရာရှိတွေက ပြောပါတယ်။
လေစီးကြောင်းက မြို့တော်ဆီ မီးခိုးတွေကို သယ်ဆောင်လာနိုင်တယ်လို့ ကိယက်ဗ်အာဏာပိုင်တွေ က ဒေသခံတွေကို သတိပေးခဲ့ပါတယ်။
ပြတင်းပေါက်တွေကို ပိတ်ထားဖို့၊ အပြင်ဘက်မှာနေတဲ့အချိန်ကို ကန့်သတ်ဖို့နဲ့ ရနိုင်ရင် လေသန့်စက် တွေကို သုံးကြဖို့ကိုလည်း အကြံပြုထားပါတယ်။
Source:Reuters











