DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားမှု အဆုံးသတ်ရန် သမ္မတ အိုဘားမားတိုက်တွန်း
DVB
·
June 2, 2015
Donate to DVB

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေအပေါ်  ခွဲခြားဆက်ဆံတာတွေ အဆုံးသတ်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက ဇွန်လ ၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

သမ္မတ အိမ်ဖြူတော်မှာပြုလုပ်တဲ့ အာဆီယံလူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာဖြစ်ပြီး လူနည်းစုတွေကို တန်းတူဆက်ဆံပြီး အကာအကွယ်ပေးတာဟာ မြန်မာနိုင်ငံရဲ့ အာဏာရှင်အစိုးရကနေ ဒီမိုကရေစီအစိုးရအဖြစ် ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအတွက် အရေးကြီးဆုံးတခု တောင်းဆိုချင်တာက လူတွေအပေါ် ခွဲခြားဆက်ဆံတာတွေကို ရပ်တန့်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ထင်ထင်ရှားရှားရှိလို့ တိုင်းပြည်ကနေ သူတို့ ထွက်ခွာသွားကြတယ်ဆိုတဲ့ အကျိုးအကြောင်းတခု ဖြစ်ပါတယ်။ တကယ်လို့ ကျနော် ရိုဟင်ဂျာတယောက်အနေနဲ့ပြောရရင် အရေးကြီးဆုံးဟာ ငါ့မွေးဖွားခဲ့တဲ့နေရာ၊ ငါ့မိဘတွေ နေထိုင်ခဲ့တဲ့မြေပေါ်မှာပဲ နေချင်တယ်။ ဒါပေမယ့် အစိုးရက ကျနော့်ကို အကာအကွယ်ပေးနေတယ်ဆိုတာ သေချာဖို့နဲ့ လူတွေ ကျနော့်ကို တန်းတူဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒါပဲ လိုချင်ပါတယ်။ ရိုဟင်ဂျာတွေ ဘယ်လိုဆက်ဆံခံခဲ့ရလဲ ဆိုတာဟာ ဒီမိုကရေစီအပြောင်းအလဲရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဒီကိစ္စအပေါ် လေးလေးနက်နက် ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”

လက်ရှိပင်လယ်ပြင်မှာ အသက်အန္တရာယ် ကြုံနေရတဲ့ လူကုန်ကူးခံရသူတွေကို ဆက်လက် အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်ဖို့ကိုလည်း အင်ဒိုနီးရှားနဲ့ မလေးရှားကို တိုက်တွန်းတယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

နိုင်ငံတာကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပေမယ့် မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပဲ လှေစီးဒုက္ခသည်တွေ အရေးဟာ လူကုန်ကူးတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလော ပင်လယ်ပြင် လှေစီးဒုက္ခသည်အရေး ပြဿ နာဟာ ဒေသတွင်း ပြဿ နာတခုလို ဖြစ်လာနေပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာလည်း  လူ ၂၀၀ ကျော်ပါ လူမှောင်ခိုလှေတစီး မြန်မာရေတပ်က ဖမ်းမိခဲ့သလို ဧရာဝတီတိုင်းမှာလည်း ဘင်္ဂါလီ ၇၀၀ ကျော် လိုက်ပါလာတဲ့ လှေတစီး ဖမ်းမိထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့တွေကတော့ လူပေါင်း ၂၆၀၀ ကို တင်ဆောင်ထားတဲ့ လှေ ၇ စီးလောက်ဟာ ပင်လယ်ထဲမှာ ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013