DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေး တိုးတက်သည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းရန် သမ္မတအိုဘားမား ဖုန်းဆက်တိုက်တွန်း
DVB
·
April 7, 2016
လူ့အခွင့်အရေး တိုးတက်သည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းရန် သမ္မတအိုဘားမား ဖုန်းဆက်တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်တဲ့၊ သာယာဝပြော စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်တဲ့  နိုင်ငံတနိုင်ငံဖြစ်အောင် ကြိုးပမ်းသွားဖို့ အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတသစ်ထံ ဖုန်းဆက်တိုက်တွန်း ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် စတင် တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်တဲ့ အကြောင်းနဲ့ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရကို အမေရိကန်ပြည်ထောင်စုက အားပေးကူညီ ပံ့ပိုးပေးသွားမယ့်အကြောင်း သမ္မတအိုဘားမားက  ဧပြီ ၆ ရက် ည ၉ နာရီက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအတွက် အမေရိကန်က ပံ့ပိုးကူညီနိုင်မယ့် အလားအလာတွေကို ပွင့်လင်းစွာ အသိပေးနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ် အစီအမံတွေကိုလည်း ကြားသိလိုပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့လည်း ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးသွားနိုင်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောကြားဦးမှာဖြစ်ပြီး မကြာမီ ကျရောက်တော့မယ့် နှစ်သစ်ကူး သင်္ကြန်အခါသမယအတွက် ဆုမွန်ကောင်းတွေ ပို့သပါတယ်လို့လည်း ပြောပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ကတော့ အမေရိကန်သမ္မတကြီးနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီတာတွေ ဆက်လုပ်မယ်လို့ ယုံကြည်ကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ USAID အပါအဝင် အမေရိကန်ရဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းကူညီမှုတွေကို လိုလားတယ်လို့ တုံ့ပြန်ပြောကြားပြီး မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013