
ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီး သောမတ်စ်ဘရာမောဟာ အိမ်ရှင်ဘက်ကို ဘက်လိုက်ခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့တဲ့ စပါးယာယီနည်းပြ အီဂေါတူဒေါကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူလိုက်ပါတယ်။
တူဒေါက ဒိုင်လူကြီးဟာ ဘောလုံးနားမလည်သူလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး ဖူလ်ဟမ်ရဲ့ အဖွင့်ဂိုးမှာ ပြစ်ဒဏ်ဘော မပေးခဲ့တာကို မကျေမနပ် ဖြစ်ခဲ့တာပါ။
FA ကတော့ တူဒေါရဲ့ မှတ်ချက်တွေဟာ ဒိုင်လူကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် အခုလို အရေးယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးအသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်နဲ့ တမှတ်အကွာ အဆင့် ၁၆ နေရာမှာ ရုန်းကန်နေရပါတယ်။
တူဒေါအနေနဲ့ လာမဲ့ တနင်္လာနေ့ နောက်ဆုံးထားပြီး ဒီစွဲချက်အပေါ် ပြန်လည်ဖြေရှင်းရမှာ ဖြစ်ပါတယ်။










