DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များ လော်ခီးလာရောက်ရှိ
DVB
·
June 1, 2015
လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များ လော်ခီးလာရောက်ရှိ
Donate to DVB

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ထိပ်သီးညီလာခံ တက်ရောက်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာကို ဇွန် ၁ ရက်က ရောက်ရှိလာကြပါတယ်။

ဇွန် ၂ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် ဒီညီလာခံ တက်ရောက်ဖို့ လက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး တဖွဲ့ကို ကိုယ်စားလှယ် ၅ ဦးနဲ့ လေ့လာသူ ၂ ဦးစီ ဖိတ်ကြားထားတယ်လို့လည်း ကေအန်ယူ အတွင်းရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီညီလာခံမှာ အစိုးရနဲ့ အပြီးသတ် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (အန်စီအေ) နဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေအကြား ပြန်လည်သုံးသပ် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်မတော်တို့ကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ကနေ ပါဝင်မှုရပ်စဲဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (အန်စီအေ) ပါ စာသားတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန်မှာ သဘောတူညီမှု ရခဲ့ပါတယ်။

ဒီစာချုပ်ကို အပြီးသတ် သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့ အစိုးရဘက်က အသင့်ဖြစ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ပြောထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ ခေါင်းဆောင်တွေကို ပြန်လည်ချပြ ဆွေးနွေးအတည်ပြုချက် ရယူဦးမယ်လို့ ပြောထားတာပါ။

ညီလာခံတက်ရောက်လေ့လာဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယားနဲ့ တရုတ်သံတမန်တွေအပြင် ပြည်တွင်းက သတင်းသမား ၂၀ ကျော်လည်း သတင်းယူဖို့ ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013