မန်စီးတီးပရိသတ်များအကြား ငှက်ပျောသီးပုံစံ လေမှုတ်အရုပ်များ ရေပန်းစားလာ
DVB
·
October 22, 2026

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း အမ်ရီဗာရာဒီရဲ့ နာမည်ပြောင်ကို အစွဲပြုထားတဲ့ ငှက်ပျောသီးပုံစံ လေမှုတ်အရုပ်တွေဟာ ပရိသတ်တွေကြားမှာ ပြန်လည်ရေပန်းစားလာပါတယ်။
ဒီအရုပ်တွေဟာ အသင်းရဲ့ အားပေးမှုပုံစံတခုအဖြစ် ပြောင်းလဲလာတာပါ။ မန်စီးတီးအသင်းဟာ အခုလို ငှက်ပျောသီးပုံစံ အရုပ်အလုံးရေ ၃၀,၀၀၀ ထပ်မံမှာယူဖို့ စီစဉ်နေပါတယ်။
အမ်ရီဗာရာဒီကတော့ သူ့ရဲ့ဖုန်းတွေ အဆက်မပြတ်ဝင်ရောက်နေပြီး ဒီအရုပ်တွေအတွက် ဝယ်လိုအား မြင့်တက်နေကြောင်း ပြောပါတယ်။ အသင်းပရိသတ်တွေဟာ ဒီအရုပ်တွေကို အသုံးပြုပြီး အားပေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။











