ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ကမ်းခြေရှိ ဩဒက်ဆာဒေသမှာ ရုရှားက တိုက်ခိုက်လို့ ဆိပ်ကမ်း အခြေခံအဆောက်အအုံတွေနဲ့ တခြားနေရာတွေ ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ကီပါက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
လူ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အရပ်ဘက် စီးပွားရေးလုပ်ငန်းတခုလည်း အပြင်းအထန် ပျက်စီးခဲ့တယ်လို့ အိုလက်ကီပါက တယ်လီဂရမ်မှာ ရေးသားဖော်ပြပါတယ်။
ယူကရိန်းနိုင်ငံရဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်တခုမှာတော့ မီးလောင်ကျွမ်းနေပြီး ပျက်စီးသွားတဲ့ အဆောက်အအုံတခုမှာ ကယ်ဆယ်ရေးသမားတွေ ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။
Source: Reuters










