
စကော့တလန်အသင်းရဲ့ ပရိသတ်တွေဟာ ၂၈ နှစ်အတွင်း သူ့နိုင်ငံလက်ရွေးစင်အသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ဟေတီနဲ့ ပွဲအတွက် ဘော်စတွန်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။
ဒီပွဲမတိုင်ခင် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဘော်စတွန်မြို့မှာ ဘီယာပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တာပါ။ ပရိသတ်တွေ လာရောက်တဲ့ လေယာဉ်တွေမှာတောင် ဘီယာတွေ ကုန်သွားတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဘောလုံးပွဲလာအားပေးသူတွေထဲမှာ စကော့တလန်ဝန်ကြီးချုပ် ဂျွန်ဆွင်နီလည်းပါဝင်ပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ ဂျရတ်ဘတ်တလာ၊ မာတင်ကွန်စတန်၊ ရစ်ချတ်ဂတ်တို့လည်း အသင်းကို အားပေးဖို့ ရောက်ရှိလာခဲ့ကြပါတယ်။
ဒါ့အပြင် နာမည်ကြီးစားဖိုမှူး ဂေါ်ဒွန်ရမ်ဆေးကလည်း အသင်းကို လာရောက်အားပေးခဲ့ပြီး အနိုင် ရရင် သူ့ရဲ့ စားသောက်ဆိုင်မှာ စားပွဲစီစဉ်ပေးမယ်လို ပြောခဲ့ပါတယ်။
ဘော်စတွန်မြို့ရဲ့ ဘားတွေမှာ စကော့တလန်အလံတွေ လွှင့်ထူထားခဲ့ပြီး ပရိသတ်တွေနဲ့ ပြည့်နှက် နေပါတယ်။
Photo: Reuters










