DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် အလုပ်သမားတန်းလျား အခန်း ၄၀ ကျော် မီးလောင်
DVB
·
May 11, 2015
မူဆယ်တွင် အလုပ်သမားတန်းလျား အခန်း ၄၀ ကျော် မီးလောင်
1 / 7
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ထဲမှာ မေ ၉ ရက် သန်းခေါင်ကျော်ချိန်က မီးလောင်မှု ဖြစ်ပွားပြီး အလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းတွေ မီးထဲပါသွားခဲ့ပါတယ်။

၁၂ နာရီခွဲလောက်က စလောင်တဲ့ မီးဟာ မနက် ၂ နာရီလောက်မှ ငြိမ်းသွားတဲ့ အတွက် အခန်းပေါင်း ၄၀ ကျော်ရှိတဲ့ တိုက်တလုံးနဲ့ ဂိုဒေါင်တစ်ခုပါ မီးထဲပါသွားတယ်လို့ မီးလောင်နေရာကို သွားရောက်ကြည့်ရှုခဲ့သူ ဒေသခံ စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီအိမ်ကို တရုတ်လူမျိုး ဦးယုန်ဆင်းက ပိုင်ဆိုင်ပြီး အိမ်ခန်းငှားနေသူအများစုကတော့ မြန်မာပြည်ကလာတဲ့ အလုပ် သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

လေတိုက်လို့ မီးကြိုးပြုတ်ကျရာက ၀ိုင်ယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ အလုပ်သမားတွေက ပြောပါတယ်။

မေ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ တီဗွီမီးဖြတ်စက် အပူလွန်ကဲရာက မီးစလောင်တာဖြစ်ပြီး မီးသတ်ကား ၄ စီး၊ အရံ ၉ စီးတို့နဲ့ ၀ိုင်းဝန်းငြိမ်းသတ်ရတယ်လို့ ဖော်ပြပါတယ်။

သတင်းဓာတ်ပုံ -Zaai Hom Main

[gallery ids="92592,92591,92593,92594,92596,92597"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013