DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် သေနတ်မျိုးစုံနှင့် လက်ပစ်ဗုံး အလုံး ၂၀ ကျော် ဖမ်းမိ
DVB
·
July 20, 2019
မူဆယ်တွင် သေနတ်မျိုးစုံနှင့် လက်ပစ်ဗုံး အလုံး ၂၀ ကျော် ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှာ သေနတ်မျိုးစုံနဲ့ လက်ပစ်ဗုံး အလုံး ၂၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ OHC တိုးဂိတ်မှာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီခွဲလောက် ရန်စန်း(ဘ)ဦးရှောက်ဝမ် မောင်းနှင်လာတဲ့ MDY-5M/ ---ယာဉ်ပေါ်မှ ဘိန်းဖြူ ၃ ဂရမ်၊ တရုတ်ငွေစက္ကူ ၈၂၀၀ ယွမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရန်စန်းအား စစ်ဆေးမေးမြန်းချက်အရ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရှိ ဂိုဒေါင်အတွင်း လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းထားကြောင်း သိရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၇ ရက် ည ၉ နာရီလောက်မှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဂိုဒေါင်အတွင်း မီးခံသေတ္တာအတွင်းမှ သေနတ်မျိုးစုံ ခုနစ်လက်၊ ကျည်အိမ်မျိုးစုံ ၂၄ ခု၊ လက်ပစ်ဗုံး ၂၂ လုံး၊ စနက်တံခြောက်ခု၊ ကျည်မျိုးစုံ ၅၅၃ တောင့်နဲ့ မှန်ပြောင်းနှစ်လက်တို့အား ထပ်မံတေံရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013