စပါးအသင်းနည်းပြ ရော်ဘတ်တို ဒီဇာဘီက ဝုလ်ဗ်ကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီးနောက် သူ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်မယ်လို့ ယုံကြည်ကြောင်း ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို သတိပေးလိုက်ပါတယ်။
ဒါဟာ စပါးအတွက် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲဖြစ်ပြီး အဆင့် ၁၇ က ဝက်စ်ဟမ်းနဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့တာပါ။
ဒီဇာဘီက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့သလို လက်ကျန် ၄ ပွဲမှာ အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပွဲအတွင်းမှာ ဒိုမင်နစ် ဆိုလန်ကီနဲ့ ဇာဗီဆိုင်မွန်တို့ ဒဏ်ရာရရှိခဲ့တာကြောင့် သူတို့ရဲ့အခြေအနေကို စိုးရိမ်နေရပါတယ်။
အထူးသဖြင့် ဒူးဒဏ်ရာရသွားတဲ့ ဆိုင်မွန်ရဲ့ အခြေအနေကို လာမယ့် တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့မှာ စစ်ဆေးသွားမှာဖြစ်ပြီး အဓိကကစားသမားတွေ ထပ်မံဆုံးရှုံးရမှာကို စိုးရိမ်နေကြောင်းလည်း ဒီဇာဘီက ဝန်ခံခဲ့ပါတယ်။










