တရုတ်သူလျှိုလို့ သံယရှိသူတယောက်နဲ့ စီအီးအို ဂျန်ဆန်ဟွမ် ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးနောက်ပိုင်း အမေရိကန်နည်းပညာကုမ္ပဏီ Nvidia ဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။
ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်တဲ့ Nvidia က အသင်းဘုတ်အဖွဲ့က ကုမ္ပဏီရဲ့ လျှိုဝှက်ချက်တွေနဲ့ ဒါမှမဟုတ် နိုင်ငံရဲ့ လုံခြုံရေးကိစ္စတွေကို ချိုးဖောက်မှုတွေ ရှိတယ်လို့ ယုံကြည်စရာအကြောင်း မရှိဘူးလို့လည်း ပြောထားပါတယ်။
အမေရိကန်ထောက်လှမ်းရေးက တရုတ်အမျိုးသမီးစီးပွားရေးသမား အဲလက်ဟွမ်ဟာ တရုတ်နိုင်ငံရဲ့ သူလျှိုတယောက် ဖြစ်တယ်လို့ ယုံကြည်ထားပြီး Nvidia စီအီးအိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ နယူးယောက်တိုင်းမ်က ဖော်ပြပါတယ်။
အဲလက်ဟွမ်ဟာ စင်ကာပူအခြေစိုက် Megaspeed ရဲ့ အမှုဆောင်ဟောင်းတယောက် ဖြစ်ပါတယ်။
Megaspeed ဟာ Nvidia ဆီကနေ ချစ်ပ်ပြားတွေ ဝယ်ယူပြီး တရုတ်ကို တင်ပို့ခွင့် ပိတ်ပင်ထားတဲ့ အဆင့်မြင့် AI ချစ်ပ်ပြားတွေကို တရုတ်အစိုးရဆီ ပို့ပေးနေတယ်လို့ သံသယရှိခံနေရတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ဂျန်ဆန်ဟွမ် ကတော့ သူ့ဇနီးအပေါ် သစ္စာမဲ့မှုအတွက် ဝန်ခံထားပြီး ကလေး ၂ ယောက် နာကျင်ခံစားရမှုအတွက်လည်း တောင်းပန်ထားပါတယ်။
Nvidia ဟာ AI အတွက် အသုံးပြုတဲ့ ချစ်ပ်ပြားထုတ်လုပ်ရာမှာ အဓိကကျတဲ့ ကုမ္ပကီဖြစ်ပြီး တရုတ်နိုင်ငံနဲ့ AI ပြိုင်ပွဲမှာ အမေရိကန်ရဲ့ နှလုံးသားတခုလို အရေးကြီးတယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
ဒါ့ကြောင့် ဂျန်ဆန်ရဲ့ အဖြစ်အပျက်က အမေရိကန်ရဲ့ လုံခြုံရေးစနစ်အတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ၂၀၂၂ ခုနှစ်ကတည်းက နည်းပညာတွေကို တရုတ်နိုင်ငံဆီ မရောက်အောင် ပြုလုပ်ခဲ့တာဖြစ်ပြီး တရုတ်ကို နည်းပညာမရောက်ဖို့ လုပ်ဆောင်တဲ့အထဲမှာ Nvidia ကုမ္ပဏီက ကြီးမားတဲ့နေရာက ပါဝင်နေပါတယ်။
ဂျန်ဆန်ဟွမ်က သူဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ပံ့ပိုးဖို့ ကတိပြုထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters











