
ပရီးမီးယားလိဂ် ဇယားအောက်ဆုံး ရောက်သွားတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နည်းပြ ပီယဲဆေ့ချ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေပါတယ်။
မနေ့ညက ပွဲစဉ်မှာ ပဲလေ့စ်ဟာ လီဗာပူးအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၉ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဇယားအောက်ဆုံး ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်လူမျိုး နည်းပြ ပီယဲဆေ့ချ်ဟာ ဒီရာသီ လိဂ်ပွဲ ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒါကြောင့် ပဲလေ့စ်တာဝန်ရှိသူတွေက သူ့ကို ရာထူးကထုတ်ပယ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် သောမတ်စ်ဖရန့်ခ်က ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။











