ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြအဖြစ် သောမတ်ဖရန့် တာဝန်ယူ
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အောက်ဆုံးမှာ ရပ်တည်နေချိန်မှာ နည်းပြသစ်အဖြစ် သောမတ်ဖရန့်ကို ခန့်အပ်လိုက်ပါတယ်။
အသက် ၅၃ နှစ်အရွယ် ဒိန်းမတ်လူမျိုးနည်းပြဟာ ဖေဖော်ဝါရီလတုန်းက စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘောလုံးလောကထဲကို ပြန်လည်ရောက်ရှိလာတာပါ။
နည်းပြဖရန့်ကတော့ ပဲလေ့စ်အသင်း တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကြောင့် ဒီရာထူးကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
သူဟာ အသင်းရဲ့ ရလဒ်တွေကို တိုးတက်စေဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပြီး စနေနေ့မှာတော့ ကိုဗင်ထရီစီးတီးအသင်းနဲ့ ပထမဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။











