
ရုရှား-ယူကရိန်း နယ်စပ်နားက ဘယ်လ်ဂိုရော့ဒ်မြို့ကို ယူကရိန်းဘက်ကနေ ဒရုန်းတွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့ လို့ လူ ၂ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
ဘယ်လ်ဂိုရော့ဒ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ရှူဗာယက်ဗ်က “ဒီတိုက်ခိုက်မှုကြောင့် လူနေတိုက်ခန်း အဆောက်အအုံ ၃၀၊ ကား ၃၅ စီး၊ အိမ် ၄ လုံး၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံ ၃ ခု၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ နေရာ ၈ ခုနဲ့ လူမှုရေးဆိုင်ရာ အဆောက်အအုံ ၃ ခုတို့ ပျက်စီးခဲ့ရပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ရှီဘီကီနိုမြို့နားက ရွာတရွာမှာလည်း လူတယောက် သေဆုံးပြီး နောက်ထပ်တယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters











