ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့ဇနီး မီဂန်တို့ဟာ တော်ဝင်တာဝန်တွေကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံဆီ ပြောင်းရွှေ့ပြီးတဲ့နောက် ၆ နှစ်အကြာ အခုလမှာ ဗြိတိန်နိုင်ငံဆီ ပြန်ပြောင်းဖို့ စီစဉ်ထားတယ်လို့ မီဒီယာတွေက သြဂုတ် ၁၉ ရက်မှာ ဖော်ပြပါတယ်။
ဆက်ဆက်စ်မြို့စားနဲ့ မြို့စားကတော်တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဗြိတိန်နိုင်ငံဆီ အသက် ၇ နှစ်အရွယ် မင်းသား အာချေးနဲ့ အသက် ၅ နှစ်အရွယ် မင်းသမီး လီလီဘက်တို့နဲ့အတူ ပြောင်းရွှေ့နေထိုင်နေပြီး ကလေးတွေက စက်တင်ဘာလမှာ ကျောင်းစတက်ကြမယ်လို့ People မဂ္ဂဇင်းနဲ့ ဗြိတိန်သတင်းစာ The Telegraph တို့က ဖော်ပြပါတယ်။
ဟယ်ရီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါမှမဟုတ် ဘက်ကင်ဟမ်နန်းတော်တို့ဆီက မှတ်ချက်တစုံတရာ မရှိပါဘူး။
ဒါပေမဲ့ မင်းသားစုံတွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက သတင်းတွေ တိကျမှုကို အတည်ပြုခဲ့ပါတယ်။
ဟယ်ရီတို့စုံတွဲက တော်ဝင်တာဝန်တွေကို ပြန်ထမ်းဆောင်မှာ မဟုတ်သလို တော်ဝင်အိမ်တော်မှာ နေထိုင်မှာ မဟုတ်ဘူးလို့ Telegraph သတင်းဌာနက ဆိုပါတယ်။
ဟယ်ရီတို့ စုံတွဲဟာ ၂၀၂၀ ပြည့်နှစ် မတ်လမှာ ထွက်ခွာသွားခဲ့ပြီး တော်ဝင်မိသားစုနဲ့ ဘုရင်စနစ်ကို အကြိမ်ကြိမ် ဝေဖန်ပြီးတဲ့နောက် အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဟယ်ရီတို့ မိသားစုဟာ ဗြိတိန်နိုင်ငံဆီ သွားရောက်လည်ပတ်ခဲ့ပြီး ချားလ်စ်ဘုရင်က ၂၀၂၂ ခုနှစ်က စပြီး ခုချိန်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြေးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Source: Reuters











