
လီဗာပူးတိုက်စစ်မှူး ဖက်ဒရီကို ချီယေဆာက သူ့ရဲ့အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရတာ ကံကောင်းလို့ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပါတယ်။
ပြီးခဲ့တဲ့ရာသီတလျှောက်လုံး လီဗာပူးအသင်းရဲ့ ခြေစွမ်းဟာ အားရစရာမရှိဘဲ ဆိုးရွားခဲ့တာကြောင့် အခုလို ချန်ပီယံလိဂ်ဝင်ခွင့်ရတာဟာ ကံကောင်းမှုတခုပါလို့ ချီယေဆာက ထောက်ပြခဲ့ပါတယ်။
ချီယေဆာကတော့ လာမဲ့ရာသီကို သူ့အတွက် အသစ်တခုအဖြစ် မြင်နေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း သူဟာ ပွဲထွက်ခွင့်မရဘဲ အရန်ခုံမှာပဲ အချိန်အများစု ကုန်ဆုံးခဲ့ရတာကြောင့် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် အခုရာသီသစ်မှာ အသင်းနဲ့အတူ ခြေစွမ်းပြပြီး အခွင့်အရေးသစ်တွေ ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။










