
ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီ လက်နက်ကိုင်အဖွဲ့ဟာ ဩဂုတ် ၇ ရက်က မာရစ်ဘ်မြို့အနီး ဆားန် အယ်လ်-ဂျင်း စစ်စခန်းရှိ ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေ၊ လက်နက်ဂိုဒေါင်တွေနဲ့ စစ်ရေးယာဉ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ယီမင်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းမှာ မာရစ်ဘ်မြို့ပေါ်မှာ ဟူသီတို့ လွှတ်တင်လိုက်တဲ့ ဒရုန်း အများအပြားကို လေကြောင်းရန်ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
မာရစ်ဘ် ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကိုးကားပြီး ယီမင်သတင်းအေဂျင်စီ (SABA) က ဖော်ပြရာမှာတော့ ဟူသီအဖွဲ့ဟာ သောကြာနေ့မနက်ပိုင်းက မာရစ်ဘ်မြို့ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေရပ်ကွက်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Source: Reuters










