DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများကို သာယာဝတီ တရားရုံးတွင် စတင်ရုံးထုတ်
DVB
·
April 30, 2015
သပိတ်မှောက်ကျောင်းသားများကို သာယာဝတီ တရားရုံးတွင် စတင်ရုံးထုတ်
Donate to DVB

ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ စတင်ရုံးထုတ်ပြီး အမှုမစစ်ဆေးသေးပဲ ရုံးချိန်းထပ်ပေးလိုက်ပါတယ်။

ဒီကနေ့ ရုံးထုတ်ရာမှာ  ကျောင်းသားတွေရဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေမလုပ်သေးဘဲ ရှေ့နေပါဝါ ယူတာတွေ လုပ်ပြီး လာမယ့် မေ ၁၂ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တယ်လို့ ဒီကနေ့ ရုံးထုတ်လာတဲ့ ကျောင်းသား ကိုရန်ပိုင်စိုးက ပြောပါတယ်။

“အခုချိန်ထိတော့ ခဏခဏရုံးထုတ်နေတယ်။ အမှုက မစစ်သေးဘူး။ အဲဒီဥစ္စာက လက်ပံတန်းတရားရုံးကနေ သာယာဝတီတရားရုံးကို ပြောင်းတဲ့ပေါ်ပေါ့ဗျာ။ အဲဒါလည်းဖြစ်တယ်။ နောက်တော့ ဒီတရားခံပြေးတွေကို အရင် စစ်မယ်လို့ ပြောတယ်၊ အဲဒါကြောင့်မို့ ကျနော်တို့ ကို မစစ်သေးဘူး။”

သပိတ်မှောက်ကျောင်းသားတွေထဲက  ကိုမြတ်သူ၊ ကိုရဲရင့်ကျော် နဲ့ ကိုကျော်ကိုကိုတို့ ၃ ဦးကို  တရားခံပြေးအနေနဲ့ အရင်စစ်မှာဖြစ်ပြီး လာမယ့် ၁၂ ရက်နေ့ ရုံးချိန်းမှာ ဖမ်းဆီးခံ ကျောင်းသားတွေကို စစ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ သာယာဝတီထောင်ကနေ ရုံးထုတ်လာတဲ့ ကျောင်းသားတွေကို မိဘတွေနဲ့ တွေ့ခွင့်ပေးပေမယ့် လွတ်လွတ်လပ်လပ် တွေ့ခွင့်မရပဲ သံဇကာတွေနဲ့ ကာထားတယ်လို့  ကျောင်းသားတဦးဖြစ်တဲ့ ကိုမန်နော်က ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ မိဘ တွေ့ခွင့်ကို သံဇကာတွေ ကာပြီးတော့ တွေ့ခိုင်းတယ်။ ကျနော်တို့ မိဘကို လွတ်လွတ်လပ်လပ်တွေ့ခွင့်မရှိဘူး။ မိဘတွေလည်း ဒီလို သံဇကာတွေ ကာပြီးတော့ ထောင်ဝင်စာတွေ့တဲ့ပုံစံတွေ့ခိုင်းတယ်။”

ကိုရန်ပိုင်စိုးရဲ့မိခင် ဒေါ်မြင့်မိုးခိုင်ကလည်း “အဆင်မပြေပါဘူး။ မိဘနဲ့ သားသမီး စကားပြောရတာ။ ပွင့်ပွင့်လင်းလင်းမရှိဘူးပေါ့နော်။ ပင်ပန်းတယ်။ ညင်ညင်သာသာမရှိဘူး။ ဒါတရားရုံးဆိုတာ ပွင့်လင်းမြင်သာရှိရမယ်။”  လို့ ပြောပါတယ်။

ကျောင်းသားတွေကို လက်ပံတန်းကနေ သာယာဝတီမှာ ပြောင်းပြီး တရားရုံးထုတ်ဖို့ ပြီးခဲ့တဲ့ အပတ်က   အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားနဲ့ဝန်းရံသူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ နောက်ထပ် ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013