အာဆင်နယ်အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ မီခေးလ် အာတေတာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
နည်းပြ အာတေတာကလည်း အာဆင်နယ်အသင်းမှာ ဆက်လက် ရှိနေလိုပြီး စာချုပ်သစ်ချုပ်ဆိုရေး ကိစ္စမှာ ပြဿနာမရှိနိုင်ကြောင်း ပြောဆိုထားသလို အာဆင်နယ် အမှုဆောင်အရာရှိချုပ် ကလည်း ဒါဟာ အချိန်တခုပဲ လိုတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာတေတာ အနေနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးပါက ကမ္ဘာ့ လစာအမြင့်ဆုံး နည်းပြတွေထဲက တယောက် ဖြစ်လာမှာပါ။
လက်ရှိ စာချုပ်မှာ အာတေတာဟာ တနှစ်ကို ပေါင် ၁၀ သန်း ရရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက အပိုဆုကြေး ပေါင် ၅ သန်းအထိ ရရှိနေတာလည်း ဖြစ်ပါတယ်။











