
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး မေ ၁၅ ရက် မှာ အမေရိကန်ပြည်ထောင်စုကို ပြန်လည်ရောက်ရှိလာပြီး သူ့ခရီးစဉ်ကို မဟာအောင်မြင်မှုကြီး လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပေကျင်းမြို့ကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ သမ္မတ ထရမ့်ပ်ရဲ့ နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး ထိုင်ဝမ်အရေး၊ အီရန်အရေးနဲ့ ကုန်သွယ်ရေးကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂ ခုကြား သဘောထားကွဲလွဲနေတဲ့ အဓိက အရေးပါတဲ့ ကိစ္စရပ်တွေမှာတော့ သိသာထင်ရှားတဲ့ ရလဒ်အနည်းငယ်သာ ထွက်ပေါ်ခဲ့ ပါတယ်။
သမ္မတ ထရမ့်ပ်ဟာ အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိချိန်မှာတော့ အခုခရီးစဉ်ဟာ "ကြီးမားတဲ့ အောင်မြင်မှု" ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး "ကြီးကျယ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် တွေ"ကို ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကြီးကျယ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို လုပ်ဆောင်နိုင်ခဲ့သလို ကောင်းမွန်တဲ့ ဆက်ဆံရေး တခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ တကယ့်ကို သမိုင်းဝင်အခိုက်အတန့် တခု ဖြစ်ခဲ့တယ်လို့ ထင်မြင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source:Reuters










