DVB Logo
Home
ဘောလုံး
တန်းဆင်းသွားရပါကလည်း စပါးအသင်းနှင့် ဆက်ရှိနေမည်ဟု ဒီဇာဘီ ကတိပြု
DVB
·
May 24, 2026
Photo: Peter Cziborra/Action Images/Reuters
Photo: Peter Cziborra/Action Images/Reuters
Donate to DVB

တော့တင်ဟမ်စပါးအသင်း နည်းပြရော်ဘတ်တို ဒီဇာဘီဟာ အသင်းအနေနဲ့ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲနေရသလို လာမဲ့ရာသီမှာ တန်းဆင်းသွားခဲ့ရင်တောင် စပါးအသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

မတ်လကုန်ပိုင်းကမှ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အီတလီလူမျိုးနည်းပြဟာ ၆ ပွဲမှာ ၈ မှတ် ရယူပေးထားပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့အတွက် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲမှာ ၁ မှတ်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

ဒီဇာဘီက အခုလို အရေးကြီးတဲ့ပွဲမျိုးမှာ ဖိအားတွေကို ထိန်းချုပ်နိုင်ဖို့က အဓိက လျှို့ဝှက်ချက်ဖြစ်ပြီး အသင်းမှာ တန်းတင်နိုင်ဖို့ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတွေ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

စပါးအသင်းဟာ ဒီပွဲမှာ ရှုံးနိမ့်ပြီး ဝက်စ်ဟမ်းအသင်းက လိဒ်စ်ကို အနိုင်ရရှိသွားရင်တော့ ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းရမဲ့ အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013