DVB Logo
Home
မြန်မာသတင်း
လက်ပြတ်နေသူများကို လက်အတု တပ်ဆင်ပေးမည်
DVB
·
April 19, 2015
လက်ပြတ်နေသူများကို လက်အတု တပ်ဆင်ပေးမည်
1 / 2
Donate to DVB

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းက တံတောင်ဆစ်အောက် လက်ပြတ်နေတဲ့သူတွေကို မေတ္တာဖြင့် အခမဲ့ လက်အတု တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ လက်အတု ၅၀ လောက်လက်ခံရရှိထားသလို တပ်ဆင်လိုသူတွေအနေနဲ့  စာရင်းပေးသွင်းနိုင်ပြီး တပ်ဆင်ပေးမယ့် နေရက်နဲ့ နေရာကိုတော့ စာရင်းပေးသွင်းတဲ့သူတွေကို ထပ်မံအကြောင်းကြားပြီး တပ်ဆင်ပေးမယ်လို့  ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင်က ပြောပါတယ်။

လက်အတုတပ်ဆင်လိုသူတွေကတော့ တံတောင်ဆစ်ကနေ ၅ လက်မ အထိ ရှည်တဲ့ လက်ဖျံရှိတဲ့သူ ဖြစ်ရမှာဖြစ်သလို ငွေကြေးချို့တဲ့ပြီး ညာဘက်လက်ပြတ်နေတဲ့ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေကို ဦးစားပေးတပ်ဆင်သွားမယ်လို့ ဆိုပါတယ်။

လက်အတု တပ်ဆင်ပြီးရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ ဒေါ်တင်မေအောင်က အခုလို ပြောပါတယ်။

“ဘယ်ဘက် လက်ကနေလည်း လက်အတုက လက်ကလေးတွေကို ခေါက်လို့ရတယ်၊ ပြီးလိုရှိရင် သူက စာလည်းရေးလို့ရတယ်၊ ခွက်ကလေးကိုင်ပြီး ရေသောက်လို့ရတယ်၊ နောက်ပြီးတော့ ပစ္စည်းတွေလည်း သယ်လို့ရတယ်၊ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေ သယ်လိုရသွားမယ်” လို့ သူက ပြောပါတယ်။

လက်အတု တပ်ဆင်လိုသူတွေအနေနဲ့ ဒေါ်တင်မေအောင် ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၄၂၀၀၄၂၇၁၈နဲ့ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးတိုးဘရှမ်း  ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၅၁၀၄၅၁၀ ဆီမှာ အမည် အသက် နေရပ်လိပ်စာ ဆက်သွယ်ရမယ့် ဖုန်း၊ အလုပ်အကိုင်နဲ့ လက်ပြတ်ရတဲ့ အကြောင်းအရင်းတို့ကိုပြောပြပြီးစာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

လက်အတုတွေကို အမေရိကန်ပြည်ထောင်စု အခြေစိုက် ရိုထရီ အင်တာနေရှင်နယ် ကလပ်က သူ့ရဲ့အဖွဲ့ဝင်တွေကို ပေးအပ်ပြီး ကမ္ဘာတ၀န်းကို လိုက်လံတပ်ဆင်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃-၁၄ မှာ တကြိမ်၊ ၂၀၁၄-၁၅မှာ တကြိမ် လက်အတု ၁၀၀ ခန့်ကို တပ်ဆင်ပေးခဲ့ပြီး အခုတကြိမ်ထပ်မံတင်ဆင်ပေးမှာ ဖြစ်ပါတယ်။

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းကို ၂၀၁၅ ခုနှစ်မှာ တရားဝင် တည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ တံတားဆောက်၊ ရေကန်တူး ဆေးကုသ စတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဆင့်ဆင့်အောင် ဖေ့စ်ဘွတ်ခ်

[gallery ids="89925,89926"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013