DVB Logo
Home
ရွေးကောက်ပွဲ
၂၀၁၅ ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
April 8, 2015
၂၀၁၅ ရွေးကောက်ပွဲ သတင်းတိုများ
Donate to DVB

တိုက်ခန်း ငှားရမ်း ၀ယ်ယူခွင့် ၂၃ ပါတီ စာရင်းပေး

နိုင်ငံရေးပါတီတွေ ရုံးခန်းဖွင့်လှစ်နိုင်ရေးအတွက် ပထမအဆင့်အနေနဲ့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာမှာ တိုက်ခန်း ၂၄ ခန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက မဲစနစ်နဲ့ရောင်းချ ငှားရမ်း သွားမှာဖြစ်ပါတယ်။

တိုက်ခန်းဈေးနှူန်းတွေကတော့ ကျပ်သိန်း ၁၀၀ ကနေ ၁၂၅ သိန်းထိရှိပြီး ငှားရမ်းလိုပါက ၁ လကို ကျပ် ၄ သောင်း ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့ ရရှိထားတဲ့ စာရင်းအရ တိုက်ခန်း ငှားရမ်းဝယ်ယူခွင့်ကို နိုင်ငံရေးပါတီ ၂၃ ပါတီ စာရင်းပေးထားပါတယ်။

ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီအလံ အသုံးပြုခွင့်ပေး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ (ကေအန်ဒီစီ) ရဲ့သမိုင်းဝင်အလံကို ပြန်လည် အသုံးပြုခွင့်ပေးလိုက်ပါတယ်။

ကေအန်ဒီစီ ပါတီအလံဟာ မတရားအသင်းကြေညာခံထားရတဲ့ ကေအိုင်အို/ကေအိုင်အေအဖွဲ့ အလံနဲ့ ထပ်တူနီးပါး တူညီနေတာကြောင့် ပါတီအလံအဖြစ် အသုံးပြုခွင့်မပေးပဲ  ပြန်လည်ပြင်ဆင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဧပြီ ၃၀ နောက်ဆုံး  လျှောက်ထားရမည်

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထား လိုသူတွေဟာ  ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်ထားရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားမှုတွေအပေါ် စိစစ်မှတ်ပုံတင်ခွင့် ပေးမှာဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ကြေး ၃ သိန်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မှတ်ပုံတင်ကျပြီးတဲ့ နိုင်ငံရေးပါတီပေါင်း ၇၁ ပါတီရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013