DVB Logo
Home
ရွေးကောက်ပွဲ
၂၀၁၅ ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
March 28, 2015
၂၀၁၅ ရွေးကောက်ပွဲ သတင်းတိုများ
Donate to DVB

ရွေးကောက်ပွဲကို ပြည်သူ စိတ်ဝင်စားရန်လိုဟု ချင်းပြည်နယ် ၀န်ကြီးချုပ်ပြော

ချင်းပြည်နယ်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဘာသာစကား နားလည်မှု အခက်အခဲရှိတာတွေ မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းတွေကို အစိုးရ၊ ပါတီနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပူးပေါင်းဖြေရှင်းဖို့ ကြိုးစားနေပေမယ့် ပြည်သူလူထုကိုယ်တိုင်က ရွေးကောက်အပေါ် အမှန်တကယ် စိတ်ဝင်စားမှုရှိဖို့ လိုအပ်တယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ်က ဒီဗွီဘီကို ပြောပါတယ်။

ကြိုတင်မဲနှင့် ပတ်သက်ပြီး မှန်ကန်တိကျရန် တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ပြော

တနင်္သာရီတိုင်းဒေသကြီးမှာတော့ ကြိုတင်မဲပေးတာနဲ့ ပတ်သက်ပြီး မှန်ကန်တိကျမှု ဖြစ်အောင် ရွေးကောက်ပွဲနည်းဥပဒေပါအတိုင်း တိကျစွာ ဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။

အနိုင်ရမည့် ၁၅ မြို့နယ်တွင် ၀င်ပြိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဆုံးဖြတ်

ဖက်ဒရယ်ပြည်ထောင်စုပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ လျာထားထားတဲ့ ၄၂ မြို့နယ်ထဲက သေချာပေါက် အနိုင်ရရှိမယ့် ၁၅ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မတ် ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ် လိုက်တယ်လို့ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးစောသန်းမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် မွန်ပြည်နယ် ရဲအရာရှိများကို သင်တန်းပေး

မွန်ပြည်နယ်က ရဲအရာရှိတွေကို ရွေးကောက်ပွဲလုံခြုံရေးအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်းကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မတ် ၂၃ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ သင်တန်းပို့ချနေပါတယ်။ သင်တန်းတက်နေတဲ့ အရာရှိတွေဟာ သင်တန်း ပြီးရင် သက်ဆိုင်ရာမြို့နယ်တွေမှာ အောက်ခြေရဲဘော်အဆင့်အထိ သင်တန်းပြန်လည် ပို့ချ သွားမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်တွင် ပါတီကြီးများ ၀င်မပြိုင်ရန် ချင်းတိုးတက်ရေးပါတီက ကြိုးစားမည်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကို အခြားပါတီကြီးတွေ ၀င်ရောက်ယှဉ်ပြိုင်မှာကို ဟန့်တားသွားနိုင်အောင် ကြိုးစားသွားမယ်လို့ ချင်းတိုးတက်ရေးပါတီက အတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောကြားလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013