
မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန် ပေါင်းစည်းတာကို မြင်ချင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒဗင်လင်မြို့ကို ရောက်ရှိချိန်မှာ ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ အခုလို ပြောဆိုချက်က မြောက်အိုင်ယာလန်မှာရှိတဲ့ ဗြိတိန်နဲ့ ပေါင်းစည်းမှုကို လိုလားတဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ ဝေဖန်မှုခံခဲ့ရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ် အန်ဒီဘာနမ်က မြောက်အိုင်ယာလန် ဗြိတိန်ကနေ ခွဲထွက်ဖို့ ဆန္ဒခံယူပွဲလုပ်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက်မှာ ထရမ့်ပ်ရဲ့ အခုလို မှတ်ချက်ပေးမှု ထွက်ပေါ်လာတာပါ။
၁၉၉၈ သဘောတူညီချက်အရ မြောက်အိုင်ယာလန် ခွဲထွက်ရေး ဆန္ဒခံယူပွဲက ဗြိတိန်အစိုးရဖို့ရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါတယ်။
အဲဒီတုန်းက သဘောတူညီချက်က အိုင်ယာလန်နိုင်ငံပေါင်းစည်းရေး အမျိုးသားရေးသမားတွေနဲ့ ဗြိတိန်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဆက်ရှိနေဖို့ ဆန္ဒရှိတဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ ၁၀ စုနှစ် ၃ ခုကြာ အကြမ်းဖက်မှုတွေကို အဆုံးသတ်စေခဲ့ပါတယ်။
အိုင်းရစ်အဆက်အနွယ်ကနေ ဆင်းသက်လာတဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင် အပါအဝင် အမေရိကန်သမ္မတတွေဟာ အိုင်ယာလန်ကိစ္စမှာ ကြားနေအဖြစ်သာ သတိကြီးစွာ ဆောင်ရွက်ခဲ့ပါတယ်။
၁၉၉၈ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီမှုမှာလည်း အမေရိကန်အစိုးရက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ထရမ့်ပ် အိုင်ယာလန်နိုင်ငံကို အလည်အပတ်လာရောက်ချိန်မှာ သူ့ကို ဆန့်ကျင်သူတွေက ဒဗလင်မြို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ထရမ့်ပ်ဆန့်ကျင်ရေး ပုံတွေ ကိုင်ဆောင်ခဲ့ကြသလို ပါလက်စတိုင်းအလံတွေလည်း ဝှေ့ယမ်းခဲ့ပါတယ်။
“ထရမ့်ပ်ဟာ ဖိတ်ကြားသင့်တဲ့ သူ တယောက်မဟုတ်ပါဘူး။ သူက ဒုက္ခတွေကို ဖြစ်စေတဲ့သူပါ” လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
Source: Reuters











