DVB Logo
Home
မြန်မာသတင်း
သီရိဒုံမွေးနေ့အထိမ်းအမှတ် ထိုင်း-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆွမ်းလောင်း
DVB
·
April 1, 2015
Donate to DVB

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီ သီရိဒုံမွေးနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြ၀တီခရိုင်တို့ ပူးပေါင်းပြီး သံဃာတော် အပါး ၁၀၀ ကျော်ကို ဆွမ်းလောင်းလှူပွဲ   ဒီကနေ့ ကျင်းပပါတယ်။

ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက နိုင်ငံနယ်စပ် ချစ်ကြည်ရေး တံတားမှာကျင်းပခဲ့တဲ့ အခမ်းအနားကို တာ့ခရိုင်ဝန် နိုင်းဆုမ်ချိုင်းရတ့် ဟာထယတန့်တိက ဖွင့်လှစ်ပေးခဲ့ပြီး ထိုင်း သံဃာတော် ၆၁ ပါး နဲ့ မြန်မာ သံဃာတော် ၆၂ ပါး၊ စုစုပေါင်း သံဃာ ၁၂၂ ပါးကို ဆွမ်းဆန်စိမ်းနဲ့ လှူဘွယ် ၀တ္ထုတွေ ဆက်ကပ်လှူဒါန်းခဲ့တာပါ။

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရှသီရိဒုံဟာ ဧပြီလ ၂ ရက်နေ့မှာ အသက် ၆၀ ပြည့်မှာ ဖြစ်ပါတယ်။

ဘုရင့်သမီးတော်ဟာ တာ့ခရိုင်ကို နှစ်စဉ် လာရောက် လေ့ရှိသလို မြ၀တီနဲ့ မဲဆောက်မြို့ ၂ မြို့ကိုလည်း ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပေးခဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက်ကျင်းပတဲ့ ဆွမ်းလောင်းပွဲကို တာ့ခ်ခရိုင်နဲ့ မြ၀တီခရိုင်က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပြည်သူတွေ၊ မြ၀တီမြို့နယ် ဘန့်ဟွေ့ဆန့်နဲ့ ဆွန်အွဲ့ စတဲ့ ကျေးရွာက ထိုင်းလူမျိုးတွေပါ  အလှူပွဲမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

[gallery ids="88020,88021,88022,88023,88024,88025,88026"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013