လီဗာပူးအသင်းရဲ့ လက်ထောက်နည်းပြ ဗန်ဘရွန့်ဟော့စ်ကို နယ်သာလန်ကလပ် ဖီယင်နူးအသင်းက နည်းစနစ်ဒါရိုက်တာအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဗန်ဘရွန့်ဟော့စ်ဟာ သူ့အသင်းဟောင်းဆီက ကမ်းလှမ်းမှုကို လက်ခံဖို့ ရှိနေတာကြောင့် စလော့ရဲ့ နည်းပြအဖွဲ့အတွင်း အပြောင်းအလဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။
ရာသီကုန်မှာ ဆာလာနဲ့ ရော်ဘတ်ဆန်တို့လို အဓိကကစားသမားတွေ ထွက်ခွာဖို့ ရှိနေတဲ့အပြင် အခုလို ယုံကြည်ရတဲ့ လက်ထောက်တယောက်ပါ လက်လွှတ်ရမဲ့ အခြေအနေက လီဗာပူးအတွက်တော့ သတင်းဆိုးတခု ဖြစ်ပါတယ်။
အထူးသဖြင့် ဒဏ်ရာရနေတဲ့ ဆာလာဟာ အသင်းအတွက် နောက်ထပ် ပွဲထွက်ကစားပေးနိုင်ဖို့ မသေချာတော့တဲ့အချိန်မှာ အခုလို နည်းပြအဖွဲ့အတွင်း လှုပ်ခတ်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။










