DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် တောင်သူများကို  စက်သုံးဆီ ၁ ဂါလန်သာရောင်းပေး၊ လူတိုင်းဝယ်မရ
DVB
·
April 19, 2026
Photo : MRTV
Photo : MRTV
Donate to DVB

နေပြည်တော်မှာ နွေးစပါးစိုက်တဲ့ တောင်သူတွေကို စစ်ကောင်စီက  လယ် ၁ ဧကကို စက်သုံးဆီ တဂါလန် ရောင်းပေးတယ်ပြောပေမဲ့  လူတိုင်းဝယ်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

နွေးစပါးစိုက်တဲ့တောင်သူတွေကို လယ်ဧကကိုတွက်ချက်ပြီး စစ်ကောင်စီက  စက်သုံးဆီကို တဂါလန် ၁၀,၀၀၀ နှုန်း ရောင်းပေးတယ်ဆိုပေမဲ့ အမှန်တကယ်သွားရောက်ဝယ်ယူရာမှာ ဆီမရှိတဲ့ ကိစွတွေနဲ့ ကြုံရတယ်လို့ လယ်ဝေးတောင်သူတယောက်က DVB ကို ပြောပါတယ်။

“နွေစပါးစိုက်တဲ့ရွာတွေက အများကြီး လာရောင်းပေးတာက ဆီဘောက်တာတစီးတည်းဆိုတော့ မရတဲ့သူက များတယ်။ တဧကကို တဂါလန်ပဲထား လူတယောက်ကို ၁၀ ဧက၊ ၁၅ ဧကစိုက်ကြတာ။ ဆီကုန်တော့ နောက်ရက်စောင့်ရရော၊ နောက်ရက်မစောင့်နိုင်ရင် အပြင်ကဝယ်သုံး တဂါလန် ၄၅,၀၀၀ ခွဲကနေ ၅၀,၀၀၀ ပေးရတယ်။”

စစ်ကောင်စီအနေနဲ့ တောင်သူတွေကို အမှန်တကယ် စက်သုံးဆီရောင်းချပေးချင်တဲ့စိတ်ရှိပါက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်ဦးစီးဌာနမှာ နွေးစပါးစိုက်ပျိုးသူတွေရဲ့ စာရင်းရှိပြီး စာရင်းအတိုင်း ရောင်းချပေးသင့်တယ်လို့ ပျဥ်းမနားမြို့တောင်သူတယောက်က သုံးသပ်ပါတယ်။

“တောင်သူတွေကို စက်သုံးဆီ အမှန်တကယ်ပေးချင်ရင် လယ်ဆည်မှာ စာရင်းရှိပြီးသား။ အဲဒီစာရင်းအတိုင်း လယ်ဧကနဲ့ဆီဂါလန် တွက်ချက်ပြီး ထည့်လာခဲ့၊ တရားခံစစ်သလို အစအဆုံးစစ်ပြီးမှ ရောင်းပေးတာကျတော့ သိပ်ပြီးအဆင်မပြေဘူး၊ ပါလာတဲ့ဆီကုန်သွားတော့ ထပ်ပြီးရောင်းပေးတာ။” 

အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခရိုက်ခတ်မှုအပေါ် မြန်မာနိုင်ငံလည်း ခံနေရပြီး စက်သုံးဆီခွဲတမ်းမှာ တောင်သူတွေ မပါတာကြောင့် ဝေဖန်မှုမြင့်တက်လာပြီး စစ်ကောင်စီက တောင်သူတိုင်းကို စက်သုံးဆီရောင်းချပေးတယ်လို့ ဝါဒဖြန့်လာတာဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်ထားတဲ့ နေပြည်တော် ၈ မြို့နယ်မှာ  ၂၀၂၅-၂၀၂၆ ခုနှစ်က နွေစပါးစိုက်ပျိုးဖို့ စီမံကိန်းလျာထားတဲ့ဧက  ၄၀,၁၆၅ ဧက၊ ဧပြီလ ၁၅ ရက်နေ့အထိ ဧက ၂၇,၅၇၂ ဧက စိုက်ပျိုးပြီးစီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013