DVB Logo
Home
Lead Story
တိုကျိုမြို့၌ ဓာတုဘူးဖြင့်ပက်ဖျန်းတိုက်ခိုက်မှုဖြစ်ပြီး လူအချို့ကို ဆေးရုံပို့ 
DVB
·
May 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ စျေးဝယ်စင်တာတခုမှာ မေ ၂၅ ရက်က အမည်မသိ ဓာတုဘူးနဲ့ ပက်ဖျန်းတိုက်ခိုက်မှုဖြစ်ပွာပြီး လူ ၂၅ ယောက်လောက် နေထိုင်မကောင်းဖြစ်ခဲ့ရတယ်လို့ တိုကျိုရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  NHK ဂျပန်သတင်းမှာဖော်ပြပါတယ်။

တိုကျိုမြို့ ဂင်ဇာဈေးဝယ်ဇုန်ရှိ စျေးဝယ်စင်တာ အမှတ် ၆ မှာ မနေ့ နေ့လယ်က  ပြင်းထန်တဲ့ အနံ့ဆိုးတခု  ထွက်ပေါ်လာပြီးနောက် လူအများ ချောင်းဆိုးတာလိုမျိုး ဝေဒနာ ခံစားနေရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာကို အပြေးအလွှား သွားရောက်ခဲ့ကြရာမှာ လည်ချောင်းနာတာနဲ့ တခြားဝေဒနာတွေ ခံစားနေရတဲ့ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၂၅ ယောက်ကို တွေ့ရှိခဲ့ရပြီး ဒီအထဲက ၁၉ ယောက်ကို  ဆေးကုသမှုခံယူဖို့ ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ရပါတယ်။

ဈေးဝယ်စင်တာ ပထမထပ် အဝင်ဝအနီးရှိ ဘဏ်တခုရဲ့ ATM ငွေထုတ်စက်တွေရှိရာ အနီးမှာ  အမျိုးသားတယောက်က တစုံတရာကို ပက်ဖျန်းသွားတာလို့  မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်တွေကို တိုကျိုမြို့တော်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

ဒါဖြစ်စဉ်မှာ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံတွေနဲ့ တခြား ရုံးခန်းတွေရှိရာ ဂင်ဇာရပ်ကွက်ရဲ့ အချက်အချာကျတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက် ကျူးလွန်မှု သံသယနဲ့ တရားခံ အမျိုးသားကို လိုက်လံရှာဖွေနေပါတယ်။

Source: NHK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013