
အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်းဟာ ဆော်ဒီကလပ် အယ်လ်ဟီလာကို ပြောင်းရွှေ့ဖို့ သေချာနေပြီး ဒီအပြောင်းအရွှေ့အတွက် ပေါင် သန်း ၅၀ အထိ ကုန်ကျမှာ ဖြစ်ပါတယ်။
သူ့ရဲ့ထွက်ခွာမှုက ချဲလ်ဆီး တိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင်ကို အက်စတွန်ဗီလာ ခေါ်ယူဖို့ လမ်းဖွင့် ပေးတာ ဖြစ်ပါတယ်။
ဝက်ကင်းဟာ ဒီအပတ်အတွင်း ဆော်ဒီကို သွားပြီး အပြောင်းအရွှေ့ကို အပြီးသတ်မှာပါ။ တချိန်တည်းမှာပဲ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကတော့ ဗီလာကို ပြောင်းရွှေ့ဖို့ ဆေးစစ်မှု ခံယူဖို့ ဝက်စ်မစ်ဒ်လန်းကို ဦးတည်နေပါတယ်။
ဂျက်ဆင်ရဲ့ ဗီလာကို ပြောင်းရွှေ့ကြေးက ပေါင် ၆၅ သန်း ရှိပါတယ်။ နှစ်ဖက်အသင်းကြား သဘောတူညီမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။
Photo:Reuters











