မြောက်ကိုရီးယားဟာ ယူရေနီယမ် သန့်စင်စက်ရုံအသစ်တခု ထပ်ဆောက်နိုင်တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အကြီးအကဲ ရာဖေးလ်ဂရော့စ်ဇီက ဧပြီ ၁၅ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ယွန်းဗျန်း နျူကလီးယား အဆောက်အအုံမှာရှိတဲ့ ၅ မဂ္ဂါဝပ် ဓာတ်ပေါင်းဖို၊ ပြန်လည်သန့်စင်ရေးယူနစ်၊ ရေပေါ့ ဓာတ်ပေါင်းဖိုနဲ့ တခြားအဆောက်အအုံတွေမှာ လှုပ်ရှားမှုတွေ အမြန် မြင့်တက်လာတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲက ဆိုးလ်မြို့တော်မှာ ပြောကြားလိုက်တာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်မှာ ရုရှားနည်းပညာကိုသုံးတဲ့ အထောက်အထားတွေကို အေဂျင်စီက မတွေ့ခဲ့ဘူးလို့လည်း ဂရော့စ်ဇီက ပြောပါတယ်။
တောင်ကိုရီးယားက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဆောက်မဲ့ အစီအစဉ်အကြောင်း ပြောရင်း ဂရောက်စ်ဇီက တောင်ကိုရီးယားကို နျူကလီးယား ပြန့်ပွားမှု အန္တရာယ်တွေကို ရှောင်ရှားဖို့ IAEA နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ကြားခဲ့ပြီး တရားဝင် ဆွေးနွေးပွဲတွေ စတော့မယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Reuters










