မော်ရင်ဟို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ပြန်လည်ကိုင်တွယ်မည်
DVB
·
May 19, 2026

ပေါ်တူဂီကလပ် ဘင်ဖီကာနည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ ၁၃ နှစ်အကြာမှာ ရီးရဲလ်မက်ဒရစ်အသင်း ဆီ တကျော့ပြန် ပြန်လာဖို့ ၂ နှစ်စာချုပ်နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသင်းဂန္ထဝင် ကာဆီးလက်စ်က မော်ရင်ဟို ပြန်လာမဲ့အပေါ် ကန့်ကွက်ခဲ့ပေမဲ့ ဥက္ကဋ္ဌ ပီရက်ဇ်က တော့ ခေါ်ယူခဲ့တာပါ။
အခုရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အသင်းတွင်း ကစားသမားအချင်းချင်း ရိုက်နှက်မှုပြဿနာတွေ ကြောင့် အကျပ်အတည်း ကြုံတွေ့နေရတဲ့ ရီးရဲလ်အသင်းကို မော်ရင်ဟိုက ပြန်လည် ထိန်းကျောင်း ရမှာ ဖြစ်ပါတယ်။
Photo:Reuters










