DVB Logo
Home
မြန်မာသတင်း
သမ္မတသတင်း မဖော်ပြရန် နှိုးဆော်မှု မှတ်ချက်ပေးရန်မရှိဟု ဦးရဲထွဋ်ဆို
DVB
·
March 15, 2015
သမ္မတသတင်း မဖော်ပြရန် နှိုးဆော်မှု မှတ်ချက်ပေးရန်မရှိဟု ဦးရဲထွဋ်ဆို
Donate to DVB

သမ္မတအပါအ၀င် ပြည်ထဲရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်တဲ့ သတင်းတွေ မထုတ်ပြန် မဖော်ပြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းနှိုးဆော်လှုပ်ရှားလာမှုအပေါ် အစိုးရအနေနဲ့ သီးခြားမှတ်ချက်ပေးဖို့ အကြောင်းမရှိဘူးလို့ ပြန်ကြာရေးဝန်ကြီး သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က တုံ့ပြန်လိုက်ပါတယ်။

သတင်းစာ၊ ဂျာနယ်များမှာ သတင်းရွေးချယ်ဖော်ပြမှုဟာ သက်ဆိုင်ရာ စာတည်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သီးခြားမှတ်ချက်ပေးဖို့ အကြောင်းမရှိဘူးလို့ ဦးရဲထွဋ်က သူ့ဖေ့စ်ဘွတ်ခ်က စာမျက်နှာကနေ အခုလို တုံ့ပြန်လိုက်တာပါ။

လက်ပံတန်းကျောင်းသားသပိတ်ဖြစ်စဉ်မှာ သတင်းသမားတွေကို ရဲတပ်ဖွဲ့က ရန်ပြုတာ၊ ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့သဘောနဲ့ မတ်လ ၁၈ ရက်နေ့ကစလို့ သမ္မတ၊ ပြည်ထဲရေးနဲ့ ပြန်ကြားရေးဌာနသတင်းတွေကို သတင်းစာဂျာနယ်တွေမှာ ရက်အကန့်အသတ်တခုထားပြီး မဖော်ပြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်းစာ ဂျာနယ်တွေထဲ စာမျက်နှာလွတ်ထားပြီး အဲ့ဒီအလွတ်စာမျက်နှာမှာ ဘာ့ကြောင့် ဒီသတင်း မဖော်ပြရသလဲဆိုတာကို ရှင်းပြတဲ့စာသား ဖော်ပြသွားကြဖို့ စည်းရုံးလှုပ်ရှားနေတာ ဖြစ်ပြီး သတင်းစာတိုက်အတော်များများက လက်ခံသဘောတူထားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  မတ်လထဲကျင်းပမယ့် သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ဖို့ရှိတဲ့  မီဒီယာညီလာခံတခုကို မြန်မာသတင်းသမားများ မတက်ဘဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ပြောပါတယ်။

ပြန်ကြားရေ၀န်ကြီးဌာနအနေနဲ့ကတော့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံပိုင်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေနဲ့ အင်တာနက်မီဒီယာတွေကို အသုံးပြုဆောင်ရွက်သွားမယ်လို့ ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013