
ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်ကို (၄-၂) ဂိုး နဲ့ အနိုင်ယူပြီး ၃၅ ကြိမ်မြောက် ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါဟာ နည်းပြ ဗင်းဆင့်ကွန်ပနီလက်ထက်မှာ ၂ ရာသီဆက်တိုက် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဂျာမန်ဖလားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွေ တက်လှမ်းထားနိုင်တာကြောင့် တရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ဖို့ မျှော်လင့်ချက် အားကောင်းနေပါတယ်။
ဒီရာသီမှာ ဘိုင်ယန်ဟာ သွင်းဂိုး ၁၀၉ ဂိုးအထိ သွင်းယူကာ ဘွန်ဒက်လီဂါသမိုင်းတလျှောက် ဂိုးအများဆုံးအသင်းအဖြစ် စံချိန်သစ်တင်ခဲ့သလို၊ အဓိကတိုက်စစ်မှူး ဟာရီကိန်းကလည်း ပြိုင်ပွဲစုံ ဂိုး ၅၀ အထိ သွင်းယူထားနိုင်ပါတယ်။
ဟာရီကိန်းအနေနဲ့ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ရင် ၂၀၀၁ ခုနှစ်က မိုက်ကယ်အိုဝင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘလွန်းဒီအော ဆုရရှိမဲ့ အင်္ဂလန်ကစားသမား ဖြစ်လာနိုင်တယ်လိုလည်း သုံးသပ်နေကြပါတယ်။










