
ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂ်ဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။
ဒီပွဲမှာ ဘိုင်ယန်အသင်းအတွက် ဥပါမေကာနို၊ အိုလီဆေ၊ ပါဗလိုဗစ်နဲ့ လူးဝစ် ဒီးယက်စ်တို့က တဂိုးစီ သွင်းယူခဲ့ကြပြီး စတုဂ်ဂတ် ကစားသမားဗာဂနိုမန်ကလည်း ကိုယ့်ဂိုးကိုယ် ၁ ဂိုး သွင်းမိခဲ့တာပါ။
စတုဂ်ဂတ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဗာဂနိုမန်ကပဲ သွင်းယူခဲ့ပါတယ်။ နည်းပြ ဗင်းဆင့် ကွန်ပနီရဲ့ ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဂျာမန် စူပါဖလား အနိုင်ရထားတာ ကြောင့် ဒီရာသီ အစမှာ ၂ ပွဲဆက် နိုင်ပွဲ ရရှိထားပါတယ်။
Photo:Reuters











