
AI ဉာဏ်ရည်တု မော်ဒယ်စမ်းသပ်နေချိန်အတွင်း မော်ဒယ်တခုဟာ အင်တာနက်နဲ့ ဆက်သွယ်ပြီး တခြားအဖွဲ့အစည်းရဲ့ စနစ်ကို ဟက်ခ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ပြောပါတယ်။
OpenAI နဲ့ Anthropic မော်ဒယ်တို့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့အချိန်မှာ Meta ရဲ့ AI ကလည်း အခုလို ဆိုက်ဘာတိုက်ခိုက်တာနဲ့ ကြုံနေတာပါ။
Meta ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်အရ တခြား AI တွေနဲ့ ပုံစံတူအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့တာဖြစ်ကာ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
Meta က အဖြစ်အပျက်ဟာ Anthropic AI မော်ဒယ်စမ်းသပ်မှုနဲ့ တူညီတယ်လို့ ပြောပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေရဲ့ AI က သူ့အလိုလို တခြားလုပ်ငန်းကို ထိုးဖောက်ဝင်ရောက်မှုတွေက AI နည်းပညာစမ်းသပ်မှုတွေကို ပိုပြီးတင်းကျပ်တဲ့ စမ်းသပ်မှုတွေနဲ့ ပိုပြီးလုံခြုံတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို သတိပေးမှုတွေပဲ ဖြစ်ပါတယ်။
AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာကုမ္ပဏီတွေ အပြိုင်အဆိုင် ကြိုးစားနေတဲ့အချိန်မှာ အခုလို ဆိုက်ဘာတိုက်ခိုက်မှုတွေ အချိန်ကိုက်ဖြစ်ပွားတာကိုလည်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
OpenAI နဲ့ Anthropic တို့ဟာ သူတို့ရဲ့ ရှယ်ယာတွေကို စတော့ဈေးကွက်တင်ဖို့ ပြင်ဆင်နေပြီး ဒေါ်လာ ၁ ထရီလီယံ ဈေးသတ်မှတ်ဖို့လည်း မျှော်လင့်နေပါတယ်။
ဒီတပတ်အတွင်း ဗြိတိန် AI လုံခြုံရေးအင်စတီကျုဖြစ်တဲ့ AISI က AI မော်ဒယ်အချို့ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီစမ်းသပ်မှုမှာ AI ဟာ လူပုံစံ profile တခု ဖန်တီးပြီး ဆိုက်ဘာတိုက်ခိုက်မှုအတွက် ကြိုးစားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
AISI ရဲ့ စမ်းသပ်မှုဟာ သူတို့ရဲ့ ထုတ်ထားတဲ့ မော်ဒယ်တွေ မဟုတ်ဘူးလို့ Anthorphic က ငြင်းဆိုထားပါတယ်။










