
စာရွက်စာတမ်းကိစ္စရပ်တချို့ကြောင့် ၈ နာရီနီးပါး ကြာမြင့်ခဲ့တဲ့ နှောင့်နှေးမှုတွေအပြီးမှာ ဘာစီလိုနာအသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အန်သိုနီဂေါ်ဒွန်ကို ပေါင် ၇၀ သန်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားဟာ ဘာကာနဲ့အတူ ၂၀၃၁ ခုနှစ်အထိ ရှိနေမှာဖြစ်ပြီး နယူးကာဆယ်မှာ ကစားခဲ့စဉ်က စပိန်ဘာသာစကားကို ကြိုတင် လေ့လာခဲ့ကြောင်းလည်း သူ့ရဲ့ မိတ်ဆက်ပွဲမှာ ဖွင့်ဟခဲ့ပါတယ်။
ဂေါ်ဒွန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ကလည်း စိတ်ဝင်စားခဲ့ကြပေမဲ့ ကစားသမား ကိုယ်တိုင်က ဘာစီလိုနာမှာ ကစားဖို့ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို ခေါ်ယူခဲ့ပေမဲ့လည်း မန်ယူနိုက်တက်ကနေ အငှားလာ ကစားနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အငှားသက်တမ်းထပ်တိုးဖို့အတွက် ဆက်လက် ဆွေးနွေး သွားဦးမှာ ဖြစ်ပါတယ်။
Photo:Reuters












