
ဆော်ဒီကလပ် အယ်လ်ဟီလာနဲ့ သတင်းထွက်နေတဲ့ ပေါ်တူဂီတောင်ပံကစားသမား ပတ်ဒရို နက်တိုအတွက် စျေးနှုန်း သတ်မှတ်လိုက်ပါတယ်။
ချဲလ်ဆီးအသင်းက စတာလင်ပေါင် သန်း ၁၀၀ နီးပါး ရမှ ရောင်းမယ်လို့ ဈေးသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
နည်းပြသစ် ရှာဘီအလွန်ဆိုက နက်တိုကို အရေးပါတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားတာပါ။ လက်ရှိ ဈေးကွက်မှာ တောင်ပံကစားသမားတွေ ပေါက်ဈေးမြင့်နေတာကြောင့် အခုလို ဈေးမြှင့်လိုက်တာ ဖြစ်ပါတယ်။
နက်တို ထွက်ခွာသွားရင် ချဲလ်ဆီးအနေနဲ့ တောင်ပံသစ် ချက်ချင်း ပြန်ရှာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ အသင်းလူစာရင်း လျှော့ချဖိုအတွက် လီယမ် ဒဲလက်ပ်ကို သန်း ၅၀၊ နီကိုလက်စ် ဂျက်ဆင်ကို သန်း ၆၅ သန်းနဲ့ အဒါရာဘီယိုယိုတိုကိုပါ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။











