
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ “ဟော်မုဇ်ရေလက်ကြား”လို့ပြောရာမှာကို “ထရမ့်ပ် ရေလက်ကြား”လို့ မှားယွင်းပြောမိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
သမ္မတ ထရမ့်ပ်က “အီရန်နိုင်ငံဟာ ဗိုလ်ကျမှုတွေ ဆက်လုပ်လို့ မရပါဘူး။ ထရမ့်ပ်ရေလက်ကြားကို ဖွင့်ပေးရမှာပါ။ ကျနော်ပြောချင်တာက ဟော်မုဇ်ရေလက်ကြားကိုပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က “အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ နှစ်ပေါင်း ၄၇ နှစ်ကြာ အနိုင်ကျင့် ဗိုလ်ကျမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအဲ့ဒီလိုမျိုး လုပ်လို့မရတော့ပါဘူး။ သူတို့ပြေးနေရပြီ” လို့လည်း ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်စစ်ပွဲစတင်ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းတဲ့ သင်္ဘောတွေကို အီရန်က ပစ်ခတ်နေတာဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ကုန်စီးဆင်းမှု ရပ်တန့်နေတာနဲ့ အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း ခုန်တက် ခဲ့ပါတယ်။
ကုသလမဂ္ဂကလည်း မတ် ၂၇ ရက်မှာ ဟော်မုဇ်ရေလက်ကြားမှာ ကုန်တွေဆက်ပြီး စီဆင်းနိုင်ဖို့ အဖွဲ့ တခုကို ဖွဲ့စည်းတဲ့အကြောင်း ပြောဆိုထားပါတယ်။
ဟော်မုဇ်ရေလက်ကြားပိတ်ထားတာကြောင့် စားနပ်ရိက္ခာရှားပါးမှုနဲ့ ကမ္ဘာတဝန်း လူသားချင်း စာနာမှုဆိုင်ရာအကျပ်အတည်းတွေ ဖြစ်ပွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Source: Reuters










